TechnoTrek by KHA ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်..

====================================

ကျတော်တို့ ရှေ့ရက်က AWS Cloud Technology အကြောင်းလေး အစပျိုးပြီးတော့ sharing လုပ်ခဲ့ပါတယ်..

ဒီကနေ့ ထပ်ပြီး sharing ပေးချင်တဲ့ AWS နဲ့ ပတ်သက်တဲ့ Tech Topic လေးကတော့ WHY AWS CLOUD? ပဲ ဖြစ်ပါတယ်..

Why AWS CLOUD?


AWS က ပုံမှန်အားဖြင့် traditional data centers မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို လျှော့ချပေးပြီး လိုအပ်တဲ့ IT infrastructure ကို on-demand နဲ့ scalable ဖြစ်အောင် လုပ်ဆောင်ပေးတဲ့ cloud computing platform တစ်ခု ဖြစ်ပါတယ်။

AWS ရဲ့ ပုံစံက user တွေကို သူတို့ရဲ့ လိုအပ်ချက်နဲ့ အညီ computing resources တွေကို အသုံးပြုခွင့် ပေးထားတာဖြစ်ပြီးတော့ သုံးတဲ့အချိန်ကာလအတွင်း အမှန်တကယ် သုံးစွဲမှုအရသာ ငွေကြေးပေးချေရတဲ့ model ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒါကြောင့် AWS Cloud ကို ယေဘူယျအားဖြင့် အောက်ပါအချက်တွေနဲ့ တည်ဆောက်ထားတယ်လို့ ယူဆနိုင်ပါတယ်..

  1. Programmable Resources

API များ၊ SDK များနှင့် command-line tools များကို အသုံးပြု၍ AWS resources များကို automate လုပ်ခြင်း၊ manage လုပ်ခြင်း၊ configure လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်.. ဉပမာအားဖြင့် AWS Management Console, AWS Command Line Interface, AWS SDK နဲ့ Infrastructure as Code (IaC) တွေကဲ့သို့သော resources တွေပဲ ဖြစ်ပါတယ်..

  1. Dynamic Abilities

AWS က အသုံးပြုသူများရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး resources များကို dynamically ထောက်ပံ့ပေးနိုင်ပါတယ်.. ပြီးတော့ Resource allocation, scaling, နှင့် configuration များကို automatically ပြောင်းလဲပြုပြင်နိုင်သောကြောင့် flexible ဖြစ်တယ်လို့ယူဆရမှာဖြစ်ပါတယ်.. ဉပမာအားဖြင့် Auto Scaling, Elastic Load Balancing, AWS Lambda နဲ့ Amazon RDS ကဲ့သို့သော serviceတွေပဲ ဖြစ်ပါတယ်..

  1. Pay as you go

AWS ၏ နောက်ထပ်အာားသာချက်တစ်ခုကတော့ Pay-as-you-go (PAYG) model ဖြစ်ပါတယ်. လိုအပ်တဲ့ resources များအတွက်သာ ငွေပေးချေစရာလိုပြီး သုံးစွဲသည့် အတိုင်း အကန့်အသတ်မရှိ dynamic scaling ကို ပြုလုပ်နိုင်တာလဲ ဖြစ်ပါတယ်.. ယေဘူယျအားဖြင့် PAYG type (၄) ခုရှိပါတယ်.

On-Demand Instances: EC2 instances များကို လိုအပ်သလောက် create လုပ်ပြီး သုံးစွဲနာရီအလိုက် အခကြေးငွေ ပေးချေရတာဖြစ်ပါတယ်..

Reserved Instances: သုံးစွဲမဲ့ရက်သတ်မှတ်ပြီး instances များကို သုံးတဲ့သဘောဖြစ်ပြီးတော့ ပိုမိုသက်သာသော ဈေးနှုန်းများဖြင့် သုံးနိုင်မှာ ဖြစ်ပါတယ်..

Spot Instances: AWS ရဲ့ unused capacity များကို သက်သာသော ဈေးနှုန်းဖြင့် သုံးနိုင်တဲ့ instance အမျိုးအစားပဲ ဖြစ်ပါတယ်..

AWS Free Tier: AWS ရဲ့ service များကို စမ်းသပ်အသုံးပြုရန် ဒီ Tire က အသုံးဝင်မှာ ဖြစ်ပါတယ်..

မိတ်ဆွေတို့အနေနဲ့ရော AWS Cloud နဲ့ပတ်သက်ပြီး အမြင်လေးတွေကို comment မှာ share ပေးကြပါဦး...

======================================================

Technology နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာ Topic တွေ အမြဲတင်ပေးမှာဖြစ်တာကြောင့် page ကို like and share လေးလဲ လုပ်ပေးဖို့ တောင်းဆိုပါရစေ...

နောက်ထပ် Toipc တခုမှာ ပြန်လည်ဆုံတွေ့ကြပါစို့....

Stay Tuned...

#technotrekbykha

#aws

#cloudcomputing

#myanmartech


Comments

Popular Posts