TechnoTrek by KHA ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်..
====================================
ဒီနေ့ shareပေးချင်တဲ့ နောက်ထပ်Tech Topicတခုကတော့ ကျတော်တို့ AWS ရဲ့ Well-Architected Framework အကြောင်းပဲ ဖြစ်ပါတယ်..
AWS Cloud နဲ့ပတ်သက်ပြီးတော့ Solution တခု propose လုပ်တော့မယ်၊ Serviceတခု သုံးတော့မယ်ဆိုရင် ဒီ Framework ကို နားလည်ထားဖို့လိုပါတယ်.. ဘာလို့လဲဆိုတော့ ဒီFramework ကိုအခြေခံပြီးတော့ ဆောင်ရွက်ရလို့ဖြစ်ပါတယ်..
အဲ့တော့ ဒီ Framework မှာ အကြောင်းအရာ ၆ ခု ရှိပါပြီး အဲ့ဒါတွေကို Pillars လို့ ခေါ်ပါတယ်.. စုစုပေါင်း 6 Pillars ရှိပါတယ်..
အဲ့ဒါတွေက ဘာတွေလဲ ဆိုရင်.
- Security
ဒီ Pillar ကတော့ Security ဆိုတဲ့ အတိုင်းပဲ business ရဲ့ information နဲ့ systems တွေကို protect လုပ်ဖို့ ထည့်သွင်းစဉ်းစားတာပဲ ဖြစ်ပါတယ်. အဓိက အချက်တွေကတော့ CIA လို့ ခေါ်တဲ့ Data Confidentiality, Data Integrity and Data Accessibility တွေ၊ Permission Controls တွေနဲ့ Security ပိုင်းဆိုင်ရာ Detection & Prevention တွေကို ထည့်သွင်းဆုံးဖြတ်တာဖြစ်ပါတယ်…
- Reliability
ဒီ Pillar ကတော့ workloads တွေကို ဘယ်လောက် မြန်မြန် အသုံးပြုနိုင်မလဲ၊ Data တခု ပျက်စီးသွားရင် အချိန်တိုအတွင်းမှာ recover ရယူနိုင်စွမ်းတွေကို အဓိကက ထည့်သွင်းစဉ်းစားတာ ဖြစ်ပါတယ်.. ဒီအကြောင်းအရာမှာတော့ System Designတွေ Recovery Plan တွေနဲ့ requirementတွေ changes လုပ်တိုင်း adapt ဖြစ်နိုင်စွမ်း စတာတွေကို ထည့်သွင်း ဆုံးဖြတ်တာ ဖြစ်ပါတယ်..
- Cost Optimization
ဒီ Pillar ကတော့ ခေါင်းစဉ်မြင်တာနဲ့ ဘာကိုဆိုလိုမှန်းသိမှာပါ. ဟုတ်ပါတယ် မလိုအပ်တဲ့ cost တွေကို လျှော့ချပြီးတော့ resource တွေ သုံးစွဲတဲ့အခါ မှန်ကန်ပြီး အပိုသုံးစွဲထားတာမျိုးတွေ မဖြစ်အောင်၊ သုံးစွဲတဲ့ အချိန်နဲ့budget allocation နဲ့ ကိုက်ညီအောင်၊ မှန်ကန်တဲ့ service type နဲ့ quantity တွေ ရွေးချယ်နိုင်အောင် ထည့်သွင်းစဉ်းစားတာဖြစ်ပါတယ်.
- Performance Efficiency
Performance Efficiency Pillar ကတော့ IT နဲ့ computing resources များကို အကောင်းဆုံး ဖြစ်အောင် စနစ်တကျခွဲဝေ အသုံးပြုနိုင်ဖို့ကို focus လုပ်တာပဲ ဖြစ်ပါတယ်.. Workload requirements တွေ monitoring performance နဲ့ maintaining efficiency စတာတွေကို business အတွက် လိုအပ်သလို resource type တွေရွေးချယ်ပြီး optimize လုပ်နိုင်ဖို့ ထည့်သွင်းစဉ်းစားရမှာပဲ ဖြစ်ပါတယ်..
- Operational Excellence
Operational Excellence Pillar ကတော့ up and running ဖြစ်နေတဲ့ system တွေကို စဉ်ဆက်မပြတ် တိုးတက်သုံးစွဲနိုင်အောင် monitoring လုပ်တာ ဖြစ်ပါတယ်. ဘယ်လိုမျိုးကိုဆိုလိုလဲဆိုတော့ automated changes လုပ်တာတွေ၊ system event တွေကို respond လုပ်တာတွေ အပြင် daily operation အတွက် SOP တွေ define လုပ်တာတွေအထိ ပါဝင်ပါတယ်..
- Sustainability
အရင်တုန်းကတော့ AWS မှာ Pillar ၅ ခုထိပဲ ရှိခဲ့တာဖြစ်ပါတယ်.. ယနေ့ခေတ်မှာ Environmental Impact ကို business တွေက ထည့်သွင်းစဉ်းစားလာတာနဲ့ အမျှ ဒီ Pillar တခုကိုပါ AWS ကနေ ထပ်မံဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်.. Cloud ပေါ်မှာ business apps and services တွေ သုံးစွဲလိုက်တာနဲ့ environment ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကနေ လျှော့ချပေးနိုင်သလို resource optimization, energy efficiency နှင့် environmental impact ကုန်ကျစရိတ်များကို လျှော့ချရာရောက်ပြီး စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုကို လျှော့ချနိုင်မှာလဲ ဖြစ်ပါတယ်..
ဒီဖော်ပြခဲ့တဲ့ AWS Well-Architected ရဲ့ pillars တွေကို အခြေခံပြီး ဆောင်ရွက်မှသာ customer တွေနဲ့ business တွေအတွက် လိုအပ်တဲ့ scalable architecture design တွေကို buildup လုပ်နိုင်မှာ ဖြစ်ပါတယ်…
မိတ်ဆွေတို့အနေနဲ့ရော AWS Cloud နဲ့ပတ်သက်ပြီး အမြင်လေးတွေကို comment မှာ share ပေးကြပါဦး...
=============================================
Technology နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာ Topic တွေ အမြဲတင်ပေးမှာဖြစ်တာကြောင့် page ကို like and share လေးလဲ လုပ်ပေးဖို့ တောင်းဆိုပါရစေ...
အောက်ကပေးထားတဲ့ Blog လေးမှာလဲ သွားရောက်ဖတ်ရှုနိုင်ပါတယ်..
https://technotrek-kha.blogspot.com/
နောက်ထပ် Toipc တခုမှာ ပြန်လည်ဆုံတွေ့ကြပါစို့....
Stay Tuned...
#technotrekbykha
#aws
#cloudcomputing
#myanmartech
Comments
Post a Comment