TechnoTrek by KHA ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်..

====================================

ရှေ့ရက်က AWS ရဲ့ Well-Architected Framework အကြောင်း share ပေးခဲ့တာဖြစ်ပြီးတော့ ဒီနေ့ sharing ပေးချင်တဲ့ Tech Topic ကတော့ AWS Global Infrastructure ဆိုတာပဲ ဖြစ်ပါတယ်..

AWS Global Infrastructureက ဘာလဲ?


AWS က Global Infrastructure အနေနဲ့ 33 Regions မှာ 105 Availability Zones နဲ့ Cloud Resource & services တွေကို provide လုပ်ပေးတာကို ဆိုလိုပါတယ်..

ဒါ့အပြင် လာမဲ့နှစ်တွေမှာ ၁၈ ခုထက်မနည်းတဲ့ Availability Zoneတွေ နဲ့ ၆ခုထက်မနည်းတဲ့ Regionsတွေကို Malaysia, Mexico, New Zealand, Saudi Arabic, Thailand နဲ့ Germany တို့မှာ ထပ်ပြီးတော့ တည်ဆောက်သွားမယ်ဆိုတာကို AWS ကနေ announce လုပ်ခဲ့ပြီး ဖြစ်ပါတယ်..

အဲ့ဒီတော့ ဒီနေ့ sharing လုပ်ပေးချင်တာကတော့ AWS Global Infrastructure နဲ့ ပတ်သက်တဲ့ terms တွေအကြောင်းအရာတွေပဲ ဖြစ်ပါတယ်..

AWS Global Infrastructure မှာ အဓိကအားဖြင့်

  • Regions
  • Availability Zone (AZ)
  • Edge Locations
  • Local Zone
  • Regional Zone ဆိုပြီး ရှိပါတယ်..

အဲ့ဒါတွေက ဘာတွေလဲဆိုတာကို အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...

Regions ဆိုတာက သက်ဆိုင်ရာ geographical locationအလိုက် သတ်မှတ်ထားတဲ့ တည်နေရာတခုကို ဆိုလိုတာ ဖြစ်ပါတယ်.. AWS Regions များသည် တစ်ကမ္ဘာလုံးတွင် မျိုးစုံသော တည်နေရာများတွင် တည်ရှိပြီး North America, South America, Europe, Asia Pacific နှင့် Middle East စသော တည်နေရာများမှာ တည်ရှိပါတယ်.. ဒါ့အပြင် Region အလိုက် data sovereignty နှင့် compliance မူဝါဒများကို လိုက်နာရပါတယ်..

Availability Zone ဆိုတာကတော့ Region တခုအတွင်းမှာ ရှိတဲ့ independent data center အစုအဝေးတခုကို ဆိုလိုတာ ဖြစ်ပါတယ်.. AZ လို့လဲ ခေါ်ကြပါတယ်..ဒီနေရာမှာ ထပ်ပြီး ဖြည့်စွက်ချင်တာက ဒီ AZ ထဲမှာ ရှိနေတဲ့ data center တွေကို AWS က အကုန် မပိုင်ပါဘူး. သက်ဆိုင်ရာနိုင်ငံက data center ပိုင်တဲ့ company တွေနဲ့ contract အလိုက် သူ့ရဲ့ services တွေကို provide လုပ်ပေးနေတာပဲ ဖြစ်ပါတယ်.. အဲ့တော့ AZ တစ်ခုချင်းစီသည် independent power, cooling, နှင့် networking စနစ်များရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်.. ဒါ့အပြင် business ရဲ့ apps & services တွေကို different AZတွေမှာ အသုံးပြုခြင်းဖြင့် High Availability (HA) ရရှိနိုင်မှာ ဖြစ်ပါတယ်..

Edge Locations ဆိုတာ Content Delivery Network (CDN) အတွက် အဓိကအသုံးပြုသော data caching nodes များကိုဆိုလိုတာ ဖြစ်ပါတယ်.. Data များကို edge locations တွေမှာ cache လုပ်ထားပြီး users များအတွက် low latency access ကို ပံ့ပိုးပေးပါတယ်.. ဒါ့အပြင် data delivery ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြန်မြန်ဆန်ဆန် ဖြစ်အောင် ပံ့ပိုးနိုင်ပါတယ်.. Edge Locations ရဲ့ Key Services တွေကတော့ Amazon CloudFront, AWS Global Accelerator, and Amazon Route 53 စတာတွေဖြစ်ပြီးတော့ data delivery ကို minimal latency နဲ့ အမြန်သုံးစွဲစေနိုင်စွမ်း ရှိပါတယ်..

Local Zone ဆိုတာက infrastructure deployment type တခုဖြစ်ပြီးတော့ AWS services တွေကို customer နဲ့ workloads အပေါ်မူတည်ပြီး latency-sensitive applications တွေအတွက် end-usersနဲ့နီးစပ်ရာ၊ low latency နှင့် run လုပ်ရန် ရည်ရွယ်ထားသော data centers များ ဖြစ်ပါတယ်.. ဘယ်လိုအချိန်အခါတွေမှာ သုံးလဲဆိုတော့ Gaming, ML & AI, Media & Entertainment တွေ Healthcare & Life Sciences စတဲ့ လုပ်ငန်းတွေမှာ သုံးကြပါတယ်. AWS Local Zones က latency-sensitive applications များအတွက် အလွန်အရေးပါသော solution တစ်ခုဖြစ်ပြီး customers များကို AWS cloud services များ၏ advantages များကို အနီးဆုံး data center ကနေ ပေးစွမ်းနိုင်တာကြောင့် latency ကို လျှော့ချပြီး, application performance ကို ပိုမိုကောင်းမွန်စေနိုင်တဲ့နေရာမှာ အရေးပါပါတယ်..

AWS Regional Zones ကတော့ AWS Local Zones များနှင့် တူညီသော ရည်ရွယ်ချက်များဖြင့် တည်ဆောက်ထားပေမဲ့ အခြား Region များနှင့် ချိတ်ဆက်ထားခြင်းမရှိဘဲ specific AWS Regions အတွင်းမှာပဲ additional availability options တွေကို provide ပေးတာဖြစ်ပါတယ်.. Regional Zones များသည် disaster recovery architecture များအတွက် မရှိမဖြစ် အရေးကြီးသလို အရေးပေါ် အခြေအနေများတွင် data နဲ့ workloads များကို Regional Zones မှာ replicate လုပ်ခြင်းဖြင့်, higher resilience နှင့် fault tolerance ရရှိစေနိုင်ပါတယ်.. ဒါကြောင့်မို့ AWS Regional Zones သည် AWS architecture ရဲ့ high availability နှင့် disaster recovery ကို မြှင့်တင်ရန် အထောက်အကူပြုပြီးတော့ Regional Zones များကို အသုံးပြုခြင်းဖြင့် AWS Regions အတွင်း သီးသန့် geographic locations မှာ ပိုမိုကောင်းမွန်သော latency-sensitive applications များကို run နိုင်ပါတယ်.. ဒါ့အပြင် Organization များအတွက် high availability, fault tolerance, နဲ့ disaster recovery စတာတွေနဲ့ AWS architecture ကို ပိုမိုခိုင်မာစေတယ်လို့ မှတ်ယူထားနိုင်ပါတယ်..

မိတ်ဆွေတို့အနေနဲ့ရော AWS Global Infrastructure နဲ့ပတ်သက်ပြီး အမြင်လေးတွေကို comment မှာ share ပေးကြပါဦး...

=============================================

Technology နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာ Topic တွေ အမြဲတင်ပေးမှာဖြစ်တာကြောင့် page ကို like and share လေးလဲ လုပ်ပေးဖို့ တောင်းဆိုပါရစေ...

အောက်ကပေးထားတဲ့ Blog လေးမှာလဲ သွားရောက်ဖတ်ရှုနိုင်ပါတယ်..

https://technotrek-kha.blogspot.com/

နောက်ထပ် Topic တခုမှာ ပြန်လည်ဆုံတွေ့ကြပါစို့....

Stay Tuned...

#technotrekbykha

#AWS

#awsglobalinfrastructure

#CloudComputing

#myanmartech

Comments

Popular Posts