TechnoTrek by KHA ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်..

====================================

ဒီနေ့ share ပေးမဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ AWS Cloud Computing Advantages တွေကို sharing ပေးသွားမှာပဲ ဖြစ်ပါတယ်..

Cloud Service တွေကို အသုံးပြုခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးရရှိနိုင်မလဲ?

Advantages အနေနဲ့ကတော့

  • Trade fixed expense for variable expense
  • Benefit from massive economies of scale
  • Stop guessing capacity
  • Increase speed and agility
  • Stop spending money running and maintaining data centers
  • Go global in minutes စတာတွေပဲ ဖြစ်ပါတယ်…

ဒီအကျိုးကျေးဇူးတွေကနေ ဘာတွေရနိုင်လဲဆိုတော့

  • လုပ်ငန်းတခု မစတင်ခင် ဒေတာစင်တာများနှင့် ဆာဗာများတွင် ပမာဏကြီးကြီးမားမားရင်းနှီးမြှုပ်နှံရမဲ့အစား၊ cloud serviceတွေ သုံးစွဲလိုက်ခြင်းအားဖြင့် သုံးစွဲသလောက်ပဲ ပေးချေနိုင်တာဖြစ်လို့ infrastructure အတွက် investment amount ကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်..
  • Cloud Computing Resource တွေကို သုံးလိုက်ခြင်းအားဖြင့် ကိုယ်တိုင်စိုက်ထုတ်ရမဲ့ ပမာဏထက် ပိုနည်းတဲ့ ကုန်ကျစရိတ်ကိုပဲ ကျသင့်စေမှာ ဖြစ်ပါတယ်…
  • ပြီးတော့ လိုအပ်သလောက် capacity နည်းများမဆို သုံးနိုင်တဲ့အပြင် လျှင်လျှင်မြန်မြန် နဲ့ အချိန်တိုအတွင်းမှာ business infrastructure ကို scale up / scale down ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်..
  • Cloud computing မှာ IT resource အသစ်တွေကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ သုံးနိုင်တာကြောင့် testing ဖို့လိုအပ်သောအချိန် သိသိသာသာ လျော့ကျသွားစေတာကြောင့် business အတွက် agilityကို သိသိသာသာတိုးလာစေပါတယ်..
  • Cloud Computing resource တွေကို သုံးခြင်းအားဖြင့် infrastructure အတွက် data center တွေမှာ physical racking, stacking, and powering servers စတာတွေအတွက် ငွေကုန်ကြေးကျ ဖြစ်စေတာကိုလဲ လျော့နည်းစေမှာဖြစ်ပါတယ်..
  • ဒါ့အပြင် Click အနည်းငယ်နှိပ်ရုံနဲ့ business application / service တွေကို ကမ္ဘာတစ်ဝှမ်းရှိ multi region များစွာမှာ အလွယ်တကူ အသုံးပြုနိုင်ပါတယ်.. ဆိုလိုတာကတော့ customerတွေအတွက် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံကို ပေးစွမ်းနိုင်တယ်လို့ ပြောတာပဲ ဖြစ်ပါတယ်…

မိတ်ဆွေတို့အနေနဲ့ရော AWS Cloud Computing Advantages နဲ့ပတ်သက်ပြီး အမြင်လေးတွေကို comment မှာ share ပေးကြပါဦး...

=============================================

Technology နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာ Topic တွေ အမြဲတင်ပေးမှာဖြစ်တာကြောင့် page ကို like and share လေးလဲ လုပ်ပေးဖို့ တောင်းဆိုပါရစေ...

အောက်ကပေးထားတဲ့ Blog လေးမှာလဲ သွားရောက်ဖတ်ရှုနိုင်ပါတယ်..

https://technotrek-kha.blogspot.com/

နောက်ထပ် Topic တခုမှာ ပြန်လည်ဆုံတွေ့ကြပါစို့....

Stay Tuned...

#technotrekbykha

#AWS

#awsbestpractice

#CloudComputing

#myanmartech



Comments

Popular Posts